Jun 25, 2009
Jun 19, 2009
အခမဲ့
အခမဲ့
သူ့အိမ်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်။ တစ်ခါတလေ ကျောင်းအားရက်မှာ အမေ့ကို
သူကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲသိမ်း၊ ပြေစာရှင်းတာက အစ
သူဝင်လုပ်ရတယ်။ ကြာတော့ စီးပွားရေးသမား တစ်ယောက်လို သူအတွက်အချက်
တော်လာခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်မှာဝင်ကူရင်း ကိုယ့်လုပ်အားခအတွက် စိတ်ကူးရလို့
ပြေစာရေးပြီး အမေ့ကို သူပေးလိုက်တယ်။ ပြေစာပေါ်မှာက .....
၁) ပန်းကန်ဆေးခ ၅ဝဝကျပ်
၂) တံမြက်စည်းလှဲခ ၂ဝဝကျပ်
၃) အပြင်ထမင်းပို့ဆောင်ခ ၃ဝဝကျပ်
၎) ဈေးဝယ်ထွက်ခ ၁ဝဝကျပ်
၅) မခိုမကပ်တဲ့ ကျွန်တော့်အတွက် အပိုဆုငွေ ၁ဝဝကျပ်
စုစုပေါင်း ကျပ် ၁၂ဝဝ။ ပြေစာကို အမေကြည့်ပြီး ဘာမှမပြောခဲ့ဘူး။
ညရောက်တော့ သူ့ခေါင်းအုံးဘေးမှာ ငွေကျပ်၁၂ဝဝ ကို တွေ့လိုက်တယ်။
အားရဝမ်းသာ ပိုက်ဆံကိုယူပြီး အိတ်ထဲထည့်မယ်အလုပ် ခေါင်းအုံးဘေးမှာ
ပြေစာတစ်စောင် ရှိနေတာကို သူတွေ့လိုက်တယ်။ ပြေစာကို ယူကြည့်တော့
အမေ့အပေါ် ကျန်ရှိသော အကြွေးများ...
၁) အမေ့အိမ်တွင် ၁ဝနှစ်ကျော် အပူအပင်မရှိ နေထိုင်ခ ဝကျပ်
၂) နေထိုင်သော ၁ဝနှစ်အတွင်း စားဝတ်နေရေးခ ဝကျပ်
၃) ကျောင်းတက်ခ၊ စာအုပ်ဖိုး ဝကျပ်
၎) ဖျားနာစဉ် ဆေးကုခ၊ စောင့်ရှောက်ခ ဝကျပ်
၅) မေတ္တာကြီးမားသော မိခင်တစ်ဦးအတွက် အပိုဆု ဝကျပ်
ပြေစာကိုကြည့်ပြီး သူရှက်ရွံ့သွားမိတယ်။ ဝမ်းနည်းစိတ်မကောင်းစွာနဲ့
အမေ့အနားသွားပြီး အမေ့ရင်ခွင်ထဲ သူတိုးဝင်လိုက်မိတယ်။ ကျပ် ၁၂ဝဝကို
အမေ့အိတ်ကပ်ထဲ ဂရုတစိုက် သူပြန်ထည့်လိုက်တယ်။ သူ့ကျောကို ပွတ်သပ်ပြီး
အမေက ပြုံးနေခဲ့တယ်။
ဝက်ဆိုက်ဒ်တစ်ခုမှ ဖတ်ရတဲ့ စာတစ်ပုဒ်ပါ။ ဒီစာထဲကအတိုင်းပဲ "အဆိုတော်
နွဲ့ယဉ်ဝင်း" က သီချင်းအဖြစ်နဲ့ ဆိုခဲ့ဖူးပါတယ်။ သီချင်းရှိခဲ့ရင်
ပို့ပေးကြပါအုန်းလို့.. ကျေးဇူးးး
ကမ္ဘာပေါ်မှာ ရှိရှိသမျှ အမေတွေအားလုံး နေကောင်းကျန်းမာဖို့ ဆုတောင်းလိုက်ပါတယ်။
Read More/Hide this page

အားရပါးရ ရယ်ရအောင်
အားရပါးရ ရယ်ရအောင်
စိတ္တဇဆေးရုံမှာ ဖြစ်ပါတယ်.....
၁)
တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊
ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က
ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က "ခင်ဗျားဘာဖြစ်လို့
သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ" လို့ မေးလိုက်တယ်။
လူနာပြန်ဖြေလိုက်တာက...
"ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ" ဟူတည်း။
၂)
ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ
စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ်
တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို "ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို
ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။
ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။
ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က
သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။
"ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"
လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။
"အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."
၃)
ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။
သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး
ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့
ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။
သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့
ဘီဆိုက်လှန်လိုက်တာပေါ့" ဟူတည်း။
၎)
ဒီတစ်ပုဒ်က "အကြောင်းရင်း" လို့ ခေါင်းစဉ်တပ်ထားပြီး ၂ဝဝ၉ ဧပြီလထုတ်
အမှတ်(၇၈) ဖြစ်ရပ်မှန် စုံထောက်မဂ္ဂဇင်းက ဖတ်ရတာလေးပါ။ ကျွန်မတစ်ယောက်ထဲ
ရယ်ရတာ အားမရလို့ အားလုံးဝိုင်ရယ်နိုင်ဖို့ မဂ္ဂဇင်းကတစ်ဆင့်
ကူးယူဖော်ပြလိုက်ပါတယ်။
နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက်
တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။
ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ
စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။
တစ်နေ့မှာတော့.....
မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့
နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး...
"ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"
"တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ"
"ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို
လိုက်ဝှေ့နေတာလဲ" စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။
ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....
"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။
"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"
"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"
ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့်
ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။
မိန်းမကြီး ပြောတာက ဒီလိုလေ...
"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ"
ရိုင်းသွားရင် ခွင့်လွတ်ပါ... :| အားရပါးရ ရယ်ဖို့ နိုင်းနိုင်းစနေ
စုစည်းတင်ပြပါသည်။
--
Live Well,
Laugh Often,
Love Much

Smart Kid's Letter to Dad
Smart Kid's Letter to Dad
Kid's are smarter than one may think. This is a very possible scenario given their way nowadays.
A father passing by his son's bedroom was astonished to see that his bed was
nicely made and everything was picked up. Then he saw an envelope, propped
up prominently on the pillow that was addressed to 'Dad.'
With the worst premonition he opened the envelope with trembling hands and
read the letter.
Dear Dad:
It is with great regret and sorrow that I'm writing you. I had to elope with
my new girlfriend because I wanted to avoid a scene with Mom and you.
I have been finding real passion with Stacy and she is so nice.
But I knew you would not approve of her because of all her piercing, tattoos
tight motorcycle clothes and the fact that she is much older than I am. But
it' s not only the passion...Dad, she's pregnant.
Stacy said that we will be very happy. She owns a trailer in the woods and
has a stack of firewood for the whole winter. We share a dream of having
many more children.
Stacy has opened my eyes to the fact that marijuana doesn't really hurt
anyone. We'll be growing it for ourselves and trading it with the other
people that live nearby for cocaine and ecstasy.
In the meantime we will pray that science finds a cure for AIDS so Stacy can
get better. She deserves it.
Don't worry Dad. I'm 15 and I know how to take care of myself. Someday I'm
sure that we will be back to visit so that you can get to know your
grandchildren.
Love, Your Son John
PS. Dad, none of the above is true.. I'm over at Tommy's house.
I just wanted to remind you there are worse things in life than the Report
Card in my desk drawer.
I love you.
Call me when it's safe to come home..
Read More/Hide this page
************************************************************************************************************

Jun 18, 2009
Useful weblinks
Lean english
http://www.englishpage.com/
http://www.learnenglish.de/
http://www.free-essays-free-essays.com/topsites/index.shtml/
forum link
http://www.student.com/
http://myanmarcupid.net/ (Myanmar)
http://www.amaderforum.com/
Church
http://www.zcfjapan.org/ ( Zomi church in japan)
http://www.jesuslifehouse.com/eng/ ( Church in japan )
http://www.theactschurch.org/ ( Church in malaysia)
Social network link
http://www.facebook.com/
http://myanmarcupid.net/
http://www.hi5.com/
http://www.friendster.com/
http://toiletwall.ning.com/ (Myanmar)
http://eainlwanthu.ning.com/ (Myanmar)
Software free download link
http://myanmarcupid.net/ (Myanmar)
http://www.amaderforum.com/
http://www.projectw.org/ (new)
watch movie and video stream
http://www.movies-on-demand.ws/
http://www.surfthechannel.com/
http://www.watch-movies-links.net/
http://www.justin.tv/ ( watch tv online)
http://stage6.divx.com/
http://www.mysoju.com/ (Korea,Japan,Thaiwan)
http://movielab.tv/
http://www.youtube.com/
http://www.metacafe.com/
http://www.crunchyroll.com/
http://www.shweo.com/ (Myanmar)
http://www.shwedream.com/ (Myanmar)
http://www.burmeseclassic.com/ (Myanmar)
http://www.ovguide.com/
free manga
http://www.onemanga.com/Naruto/
free ebook
http://www.thefreelibrary.com/
http://pdfoxy.com/
http://www.ebookpdf.net/
http://www.freebookspot.in/
http://www.getfreeebooks.com/
http://4ebooks.org/
http://www.free-ebooks.net/
http://fileshunt.com/
listen music stream
http://www.zaideih.com/ ( Zola )
http://www.flashband.net/ (Myanmar)
http://www.myanmarmp3.net/ (Myanmar)
http://www.myanmarmusiconline.net/ (Myanmar)
http://www.radioblogclub.com/
http://www.playlist.com/
Anything u can learn
http://expertvillage.com
http://www.daytipper.com/
3in1 web search engine
http://www.dogpile.com/
http://www.metacrawler.com/
http://www.nod123.cn/
http://payperpost.com/
http://www.notebookcomponents.net/returns.htm
Click here to read more

Subscribe to:
Posts (Atom)